Discover Malaysia

Discover Malaysia

ဈေးနှုန်း: ၆၉၉၀ ကျပ်

ဒီစာအုပ်လေးက  Phonics သင်ကြားပြီးသားကလေးများ အထူးသဖြင့် Sentences တွေကို ဖတ်ရှုနိုင်သည့်အရွယ်ကလေးများအတွက် အထူးသင့်လျော်ပါတယ်။ အသက်အရွယ်အားဖြင့် အသက် ၆ နှစ်အထက် ကလေးများအတွက်ရည်ရွယ်ထုတ်ထားပါတယ်။ ဆရာကိုကိုလွင်ရဲ့ Little Explores စီးရီးရဲ့ စတုတ္ထမြောက်စာအုပ်ဖြစ်သလို  မြန်မာ၊ထိုင်းနှင့်စင်္ကာပူကိုခရီးသွားပြီးနောက် မလေးရှားကိုဆက်သွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ဇာတ်လမ်းလေးက ကလေးနှစ်ယောက်ဆီကို စိတ်လှုပ်ရှားစရာ ပို့စ်ကတ်လေးရောက်ရှိလာပြီး မလေးရှားနိုင်ငံကို လေ့လာဖို့ ဖိတ်ခေါ်ခံရပါတယ်။ မြင့်မားတဲ့အဆောက်အအုံကြီးတွေ၊ ‌ရှေးကျတဲ့သစ်တောတွေနဲ့ အရသာရှိတဲ့ စားစရာတွေမြည်းစမ်းရင်း နိုင်ငံအနှံ့လှည့်လည်ကာ နေရာအသီးသိးကို စွန့်စားခန်းတွေ ရှာဖွေကြတဲ့ဇာတ်ကြောင်းဖြစ်ပါတယ်။

ဒီစာအုပ်ကိုဖတ်ခြင်းအားဖြင့် မလေးရှားအကြောင်းကို သိရှိရင်း စာဖတ်ခြင်းရဲ့ ပျော်ရွှင်မှုကိုလည်း ရစေမှာဖြစ်ပါတယ်။ ပိုပြီးအကျိုးရှိစေတာက ဒီ Little Explores စီးရီးကိုဖတ်ခြင်းအားဖြင့် နိုင်ငံအသီးသီး၊ဒေသအသီးသီးရဲ့ ထူးခြားမှုများနှင့်အတူ ဝေါဟာရကြွယ်ဝခြင်း၊ စိတ်ကူးစိတ်သန်းကွန့်မြူးစေခြင်းတို့အပြင် ကျောင်းသင်ခန်းစာများတွင် Essays ကဲ့သို့ ရေးသားမှုများအားကောင်းလာစေမှာဖြစ်ပါတယ်။ 

Discover Malaysia (PDF)

ဈေးနှုန်း: ၁၉၆၀ ကျပ်

Post a Comment

0 Comments