Grade-7 သင်္ချာ workbook



သတ္တမတန်းကျောင်းသား/သူတွေနဲ့ သင်္ချာကို စိတ်ဝင်စားသူတိုင်းအတွက် သတင်းကောင်းလေးရှိပါတယ်။ ဒါကတော့ ပြည်သူ့အစိုးရလက်ထက်က စီစဉ်ထားတဲ့ သင်ရိုးညွှန်းတမ်းကို အခြေခံပြီး ရေးသားထားတဲ့ 'သတ္တမတန်း သင်္ချာလေ့ကျင့်ခန်းစာအုပ်' ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်က သင်္ချာ (၁) နဲ့ သင်္ချာ (၂) နှစ်အုပ်လုံးက လေ့ကျင့်ခန်းတွေကို တစ်စုတစ်စည်းတည်း ထည့်သွင်းပေးထားတာပါ။ ကျောင်းသား/သူတွေရဲ့ စွမ်းရည်တွေ တိုးတက်လာစေဖို့နဲ့ အတွက်မြန်၊ တွေးတတ်စေဖို့အတွက်ပဲ ရည်ရွယ်ထားတာပါ။ များများလေ့ကျင့်မှသာ အကျိုးရှိမှာဖြစ်လို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တွက်ချက်ပြီးမှ အဖြေတိုက်ဖို့လည်း တိုက်တွန်းထားပါတယ်နော်။

ဒီစာအုပ်ထဲမှာ ဘာတွေ ပါဝင်လဲဆိုတော့...သင်္ချာ (၁) - အခြေခံသဘောတရားများ
ကိန်းပြည့်များ (Integers): အပေါင်း/အနှုတ်၊ ငယ်စဉ်ကြီးလိုက် စဉ်ခြင်း၊ ပကတိတန်ဖိုးရှာခြင်း စတာတွေ။
အကြီးဆုံးဘုံဆခွဲကိန်းနှင့် အငယ်ဆုံးဘုံဆတိုးကိန်း (GCF and LCM): ထပ်ကိန်းဆိုင်ရာ လုပ်ထုံးများ၊ GCF/LCM ရှာခြင်း။
အပိုင်းကိန်းများနှင့် ဒသမကိန်းများ (Fractions and Decimals): ပေါင်း/နုတ်၊ ကိန်းမျဉ်းပေါ်ဖော်ပြခြင်း၊ ဒသမကိန်းကို အနီးဆုံးတန်ဖိုးယူခြင်း။
အချိုး၊ အချိုးတူ နှင့် ရာခိုင်နှုန်း (Ratio, Proportion and Percent): အရှင်းဆုံးပုံစံ၊ အချိုးတူ၊ မြေပုံအချိုး၊ ရာခိုင်နှုန်းပြောင်းလဲခြင်း။
အက္ခရာကိန်းတန်းများ (Algebraic Expression): မိုနိုမီယယ်၊ ဘိုင်နိုမီယယ်၊ မျိူးတူကိန်းလုံးများ ပေါင်းခြင်း/မြှောက်ခြင်း။
မသိကိန်းတစ်လုံးပါသော တစ်ထပ်ညီမျှခြင်း (Linear Equation in One Variable): မသိကိန်းတန်ဖိုးရှာခြင်း၊ စာသားပုစ္ဆာများ ဖြေရှင်းခြင်း။
ပြင်ညီတစ်ခုပေါ်တွင် အမှတ်များ နေရာချထားခြင်း (Plotting Points): ကိန်းစုံတွဲ၊ ကိုဩဒိနိတ်ပေါ်တွင် အမှတ်ချခြင်း။
စာရင်းအင်းသင်္ချာ (Statistic in Math): စက်ဝိုင်းကားချပ်၊ မျဉ်းဂရပ်များ ဆွဲသားခြင်း။
လူမှုရေးသင်္ချာ (Applied mathematics): မက်ထရစ်စနစ် ယူနစ်ပြောင်းလဲခြင်း၊ ဈေးတွက်ခြင်း၊ သစ်တန်/ကျောက်ကျင်း တွက်ခြင်း။
သင်္ချာ (၂) - ဂျီဩမေတြီနှင့် တိုင်းတာခြင်း
အနားပြိုင်စတုဂံများနှင့် တြာပီဇီယမ် (Parallelograms and Trapezium): ဆောက်လုပ်ဆွဲသားခြင်းနှင့် ဂုဏ်သတ္တိများ။
တြိဂံများ (Triangles): ထောင့်နှင့်အနား စီစဉ်ခြင်း၊ အတွင်းထောင့်များ၊ အမြင့်မျဉ်း/အလယ်မျဉ်းများ။
တြိဂံများ ဆောက်လုပ်ဆွဲသားခြင်းနှင့် ထပ်တူညီခြင်း (Constructions and Congruence): တြိဂံဆွဲခြင်းနှင့် ထပ်တူညီခြင်း စည်းမျဉ်းများ။
ခေါက်ချိုးညီခြင်း (Symmetry): မျဉ်းနှင့်အမှတ်အရ ခေါက်ချိုးညီခြင်း။
စက်ဝိုင်း (Circles): စက်ဝိုင်းဆိုင်ရာ ဂုဏ်သတ္တိ သီအိုရမ်များ။
ပိုက်သာဂိုရပ် သီအိုရမ် (Pythagorean Theorem): ထောင့်မှန်တြိဂံကို အသုံးပြုခြင်း။
ပမာဏသင်္ချာ (ဧရိယာ) (Quantitative Mathematics (Area)): အနားပြိုင်စတုဂံ၊ တြာပီဇီယမ်တို့၏ ဧရိယာရှာခြင်း။
ပမာဏသင်္ချာ (ထုထည်) (Quantitative Mathematics (Volume)): ဒုရှည်ပုံစံမျိုးစုံတို့၏ ထုထည်ရှာခြင်း။
ဒီစာအုပ်ကို လေ့လာခြင်းအားဖြင့် စဉ်းစားတွေးခေါ်တတ်သော ကျောင်းသား/သူများဖြစ်လာကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။ သင်္ချာကို ပိုင်နိုင်ချင်တယ်ဆိုရင် ဒီလေ့ကျင့်ခန်းစာအုပ်ကို လက်မလွှတ်သင့်ပါဘူးနော်!"


Grade-7 Maths workbook

ဈေးနှုန်း: ၁၀၃၀၀ ကျပ်


အခမဲ့ဖတ်ရှုလေ့လာရန်-




Pdf ဖိုင်အား Download ရယူရန်

Grade-7 Maths workbook အား အောက်ပါလင့်မှတဆင့် အခမဲ့ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ👇


👉Download👈



Grade-7 Maths workbook (Answer Keys)

ဈေးနှုန်း: ၉၃၀၀ ကျပ်


အခမဲ့ဖတ်ရှုလေ့လာရန်-




Pdf ဖိုင်အား Download ရယူရန်

Grade-7 Maths workbook (Answer Keys) စာအုပ်အား အောက်ပါလင့်မှတဆင့် အခမဲ့ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ👇


👉Download👈



ဆက်လက်ဝေမျှပါဦးမည်။

Post a Comment

0 Comments