သမီးလေးတွေအတွက် အထူးထုတ်လုပ်ထားတဲ့ "Princess Activities" လှုပ်ရှားမှုစာအုပ်လေးပါ။

ဒီစာအုပ်လေးထဲမှာ ဖေဖေမေမေတို့ရဲ့မင်းသမီးလေး နှစ်သက်သဘောကျမယ့် လှုပ်ရှားမှုမျိုးစုံ ပါဝင်ပါတယ်။

✨ စာအုပ်ထဲမှာ ဘာတွေပါဝင်မလဲ။
မင်းသမီး ဒိုင်ယာရီ (My Princess Diary)
ကိုယ့်အကြောင်းကိုယ် မိတ်ဆက်ပြီး အကြိုက်ဆုံးအရာတွေကို ရေးမှတ်နိုင်မယ့် ကဏ္ဍ။

🫅တော်ဝင်တာဝန်များ (My Royal Assignments)
 နေ့စဉ်လုပ်ဆောင်ရမယ့် အလေ့အကျင့်ကောင်းတွေကို မှတ်သားနိုင်တဲ့ ဇယားကွက် (ဥပမာ- စောစောထခြင်း၊ အိပ်ရာသပ်ရပ်ခြင်း၊ အိမ်မှုကူညီခြင်း၊ သွားတိုက်ခြင်း)။

✍️ပျော်စရာဂိမ်းများနှင့် လှုပ်ရှားမှုများ
ရဲတိုက်ဆီပြန်ဖို့ ကူညီပေးရမယ့် ဝင်္ကပါ (Maze) များ။
နံပါတ်အလိုက် အရောင်ခြယ်ရမယ့် Color By Number။
သရဖူများ၊ ဖိနပ်များ၊ သော့စတဲ့ ထူးခြားသောအရာများကို ရှာဖွေခြင်း (Odd One Out)။
မင်းသမီးပုံလေးများရေတွက်ရမယ့် Princess Counting များ။
အရွယ်အစား နှိုင်းယှဉ်ခြင်း (Big and Small) လေ့ကျင့်ခန်းများ။
အဝတ်အစား ဒီဇိုင်းဆွဲရမယ့် Princess Dress အလှဆင်ခြင်း။
တိယာရာ (Tiara Matching) နှင့် Pattern ဖြည့်ခြင်း။

✂️📄🖌️လက်မှုပညာနှင့် အလှဆင်ခြင်း (Crafts)
မင်းသမီးသရဖူ (Princess Crown) ပြုလုပ်နည်းလမ်းညွှန်။
မင်းသမီးပုံ ရေခဲချောင်းရုပ်သေး (Popsicle Puppet) ပြုလုပ်ခြင်း။
မင်းသမီး ခြင်းတောင်း (Princess Basket) ပြုလုပ်နည်း။
သင်ယူမှုဆိုင်ရာ လှုပ်ရှားမှုများ: လိုင်းဆွဲလေ့ကျင့်ရမယ့် Tracing Lines နှင့် အရောင်နာမည်များအလိုက် အရာဝတ္ထုများကို အရောင်ခြယ်ရမယ့် Practice by Color ကဏ္ဍ။
မှတ်ဉာဏ်အားကောင်းစေမယ့် (Memory Game) ကစားနည်း။

သင့်သမီးငယ်လေးရဲ့ တီထွင်ဖန်တီးနိုင်စွမ်း၊ တွေးခေါ်နိုင်စွမ်းနဲ့ လက်-မျက်လုံး ညှိနှိုင်းမှုစွမ်းရည်တွေကို မြှင့်တင်ပေးမယ့် ဒီ "Princess Activities" စာအုပ်လေးကို လက်ဆောင်ပေးလိုက်ပါ။ 



စာအုပ်အနေနဲ့ ဝယ်ယူလိုပါက

Princess Activities

ဈေးနှုန်း: ၅၂၀၀ ကျပ်


အခမဲ့ဖတ်ရှုလေ့လာရန်-




Pdf ဖိုင်အား Download ရယူရန်

50 Mazes စာအုပ်အား အောက်ပါလင့်မှတဆင့် အခမဲ့ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ👇


👉Download👈



ဆက်လက်ဝေမျှပါဦးမည်။