The Fun Trip
ဒီစာအုပ်လေးက
Phonics သင်ပြီးစကလေးများအတွက်
စာဖတ်ခြင်းကို စတင်လေ့ကျင့်ပေးရန် အကောင်းဆုံးစာအုပ်ဖြစ်ပါတယ်။ ဆရာကိုကိုလွင်ရဲ့
Start to Read Series ရဲ့ ၅ အုပ်မြောက်စာအုပ်ဖြစ်သလို
စာအုပ်လေးမှာ CVC စနစ်ဖြင့်သာ အများဆုံး
ဖွဲ့စည်းထားခြင်း။ ကြောင်ကလေး၊ ကြွက်ကလေး၊ ခွေးကလေး တို့နဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းဖြင့်ရေးထားတဲ့
ပုံပြင်စာအုပ်ဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာတော့
ခရီးသွားတဲ့အကြောင်း၊ မြေပုံကြည့်တတ်တဲ့အကြောင်း သင်ကြားပေးနိုင်ပါတယ်။ ကြွက်ကလေးရေမကူးတတ်တဲ့ပြဿနာကို သစ်သားတုံးနဲ့ ဖြေရှင်းတဲ့အတွက်
ကလေးတွေကို ဖန်တီးဉာဏ်သုံးတတ်အောင် သင်ကြားပေးနိုင်ပါတယ်။
ဒီစာအုပ်လေးမှာ
Start to Read စီးရီးရဲ့
ယခင်စာအုပ် ၄ အုပ် ရဲ့ စကားလုံးတွေကို ပြန်လည်အသုံးပြုရင်း အသစ်တွေကိုလည်း ထပ်မံတိုးချဲ့ပေးထားတာမို့
ကလေးရဲ့စာဖတ်စွမ်းရည်နဲ့ ပြဿနာဖြေရှင်းနည်းတွေကိုပါ ဆက်လက်တည်ဆောက်ပေးနိုင်မှာပါ။
The Fun Trip (PDF)
ဈေးနှုန်း: ၁၁၉၀ ကျပ်
Post a Comment
0 Comments