The Big Light
ဒီစာအုပ်လေးက
Phonics သင်ပြီးစကလေးများအတွက်
စာဖတ်ခြင်းကို စတင်လေ့ကျင့်ပေးရန် အကောင်းဆုံးစာအုပ်ဖြစ်ပါတယ်။ ဆရာကိုကိုလွင်ရဲ့
Start to Read Series ရဲ့ ၆ အုပ်မြောက်စာအုပ်ဖြစ်သလို
စာအုပ်လေးမှာ CVC စနစ်ဖြင့်သာ ဖွဲ့စည်းထားခြင်း။
ကြောင်ကလေး၊ ကြွက်ကလေး၊ ခွေးကလေး တို့နဲ့ စိတ်ဝင်စားဖွယ်ဇာတ်လမ်းဖြင့်ရေးထားတဲ့ ပုံပြင်စာအုပ်ဖြစ်ပါတယ်။
ဒီဇာတ်လမ်းမှာတော့
အာကာသ၊ လ၊ တယ်လီစကုပ်လုပ်နည်း စတဲ့ သိပ္ပံဆိုင်ရာ အခြေခံအကြောင်းတွေ ပါဝင်ပါတယ်။ မရောက်နိုင်တဲ့နေရာကို
စူးစမ်းလိုစိတ်နဲ့ ဉာဏ်ကောင်းကောင်းသုံးပြီး ဖြေရှင်းတတ်အောင် သင်ကြားပေးပါတယ်။ စာအုပ်တွေကို
ဖတ်ရှုခြင်းကတဆင့် အသိပညာရယူတတ်အောင် သင်ကြားပေးနိုင်ပါတယ်။
ဒီစာအုပ်လေးမှာ
Start to Read စီးရီးရဲ့
ယခင်စာအုပ်တွေရဲ့ စကားလုံးတွေကို ပြန်လည်အသုံးပြုရင်း
အသစ်တွေကိုလည်း ထပ်မံတိုးချဲ့ပေးထားတာမို့ ကလေးရဲ့စာဖတ်စွမ်းရည်နဲ့ ပြဿနာဖြေရှင်းနည်းတွေကိုပါ
ဆက်လက်တည်ဆောက်ပေးနိုင်မှာပါ။ လကမ္ဘာဆီသို့
စိတ်ကူးယဉ်ခရီးလေးက ကလေးတွေရဲ့ စိတ်ကို လှုပ်ရှားစေမှာ အသေအချာပါပဲ
The Big Light (PDF)
ဈေးနှုန်း: ၁၁၉၀ ကျပ်
Post a Comment
0 Comments