Tour around Thailand

Tour Around Thailand

ဈေးနှုန်း: ၆၄၇၀ ကျပ်

ဒီစာအုပ်လေးက  Phonics သင်ကြားပြီးသားကလေးများ အထူးသဖြင့် Sentences တွေကို ဖတ်ရှုနိုင်သည့်အရွယ်ကလေးများအတွက် အထူးသင့်လျော်ပါတယ်။ အသက်အရွယ်အားဖြင့် အသက် ၆ နှစ်အထက် ကလေးများအတွက်ရည်ရွယ်ထုတ်ထားပါတယ်။ ဆရာကိုကိုလွင်ရဲ့ Little Explores စီးရီးရဲ့ ဒုတိယစာအုပ်ဖြစ်သလို  မြန်မာနိုင်ငံပြီးနောက် ထိုင်းကိုဆက်သွားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

ဇာတ်လမ်းလေးက ကလေးနှစ်ယောက်က ထိုင်းနိုင်ငံကို လေယာဉ်ဖြင့်ခရီးထွက်ရာက ထိုင်းနိုင်ငံအနှံ့ လှည့်လည်ရင်း နေရာအသီးသိးကို စွန့်စားခန်းတွေ ရှာဖွေကြတဲ့ဇာတ်ကြောင်းဖြစ်ပါတယ်။

ဒီစာအုပ်ကိုဖတ်ခြင်းအားဖြင့် ထိုင်းနိုင်ငံရဲ့ ယဉ်ကျေးမှု၊ သဘာဝအလှတရားနဲ့ စိတ်လှုပ်ရှားဖွယ်နေရာတွေကို သိရှိရင်း စာဖတ်ခြင်းရဲ့ ပျော်ရွှင်မှုကိုလည်း ရစေမှာဖြစ်ပါတယ်။ ပိုပြီးအကျိုးရှိစေတာက ဒီ Little Explores စီးရီးကိုဖတ်ခြင်းအားဖြင့် နိုင်ငံအသီးသီး၊ဒေသအသီးသီးရဲ့ ထူးခြားမှုများနှင့်အတူ ဝေါဟာရကြွယ်ဝခြင်း၊ စိတ်ကူးစိတ်သန်းကွန့်မြူးစေခြင်းတို့အပြင် ကျောင်းသင်ခန်းစာများတွင် Essays ကဲ့သို့ ရေးသားမှုများအားကောင်းလာစေမှာဖြစ်ပါတယ်။ 

Tour Around Thailand (PDF)

ဈေးနှုန်း: ၁၆၈၀ ကျပ်

Post a Comment

0 Comments