စတုတ္ထတန်း သိပ္ပံ Workbook



ဤစာအုပ်သည် ပြည်သူ့အစိုးရလက်ထက်က ပြဌာန်းခဲ့သော သင်ရိုးညွှန်းတမ်းကို အခြေခံ၍ စနစ်သစ်သင်ရိုးအရ သင်ကြားမှုများကို ပိုမိုနားလည်စေရန် Capacity Building Facilities မှ ရည်ရွယ်ရေးသားထားသော စတုတ္ထတန်း (အသက် ၉ နှစ်နှင့် အထက်) ကျောင်းသား၊ ကျောင်းသူများအတွက် အကောင်းဆုံး လေ့ကျင့်ခန်းစာအုပ်ဖြစ်ပါတယ်။

အဓိက အထူးပြုချက်များ-
ပြည့်စုံသော သိပ္ပံဘာသာရပ်များ- အပင်အုပ်စုများ၊ လူ့ခန္ဓာကိုယ်၏ လုပ်ငန်းစဉ်များ (အသက်ရှူခြင်း၊ လှုပ်ရှားခြင်း)၊ တိရစ္ဆာန်အုပ်စုများ၊ အားနှင့် ရွေ့လျားမှု၊ ဒြပ်ဝတ္ထုများ၊ သံလိုက်နှင့် လျှပ်စစ်၊ အလင်းနှင့် အသံ၊ မြေမှုန်နှင့် မြေဆီလွှာများ၊ ရေသံသရာလည်ခြင်း၊ ကမ္ဘာ၊ လနှင့် နေ စသည့် စိတ်ဝင်စားစရာ အခန်း (၁၀) ခန်း ပါဝင်ပါတယ်။

စဉ်းစားတွေးခေါ်နိုင်သော မေးခွန်းများ- သင်ခန်းစာပါ အကြောင်းအရာများအပေါ် အခြေခံ၍ ကျောင်းသားများ စဉ်းစားတွေးခေါ်နိုင်သော မေးခွန်းပုစ္ဆာများ၊ စိတ်ဝင်စားဖွယ် ရုပ်ပုံများနှင့် လေ့ကျင့်ခန်းများ ပါဝင်ပါတယ်။

ရည်ရွယ်ချက်- ပြဿနာများကို ဖြေရှင်းတတ်လာစေရန်၊ မှားယွင်းမှုများကို ရှာဖွေ၍ အမှန်တရားကို သိရှိလာစေရန်နှင့် မိမိကိုယ်ကို ယုံကြည်မှုရှိစေရန် ရည်ရွယ်ထားတာတွေ့ရပါတယ်။

လေ့လာရလွယ်ကူခြင်း-သင်ခန်းစာအပေါ် အခြေခံပြီး ရောင်စုံရုပ်ပုံများဖြင့် ဖော်ပြထားသောကြောင့် လေ့လာဖတ်ရှုရာတွင် စိတ်ဝင်စားမှု ဖြစ်စေပါတယ်။

စတုတ္ထတန်း သိပ္ပံဘာသာရပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်လိုသော ကျောင်းသားတိုင်းအတွက် မရှိမဖြစ်လိုအပ်သော လေ့ကျင့်ခန်းစာအုပ်ဖြစ်ပါတယ်။

Grade-4 Science workbook

ဈေးနှုန်း: ၈၈၀၀ ကျပ်


အခမဲ့ဖတ်ရှုလေ့လာရန်-




Pdf ဖိုင်အား Download ရယူရန်

50 Mazes စာအုပ်အား အောက်ပါလင့်မှတဆင့် အခမဲ့ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ👇


👉Download👈



Grade-4 Science workbook (Answer Keys)

ဈေးနှုန်း: ၇၁၀၀ ကျပ်


အခမဲ့ဖတ်ရှုလေ့လာရန်-




Pdf ဖိုင်အား Download ရယူရန်

50 Mazes စာအုပ်အား အောက်ပါလင့်မှတဆင့် အခမဲ့ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ👇


👉Download👈



ဆက်လက်ဝေမျှပါဦးမည်။

Post a Comment

1 Comments

  1. Cambridge Course လေးတွေလည်း တင်ပေးပါလားရှင့်

    ReplyDelete